Placing Quality at the top
ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်၊ ဆီ၊ ဆား ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို အောင်ကမ္ဘာကုမ္ပဏီ (လှိုင်သာယာရုံး)တွင် ယနေ့ မနက် ၁၀နာရီ တွင် စတင်ကျင်းပရာ အခမ်းအနားကျင်းပရာနေရာသို့ ကုမ္ပဏီတာဝန်ရှိလူကြီးမင်းများ၊ ဝန်ထမ်းများ စုံလင်စွာတက်ရောက်ကြသည်။
အခမ်းအနားအစီအစဥ်အရ HR & Admin ဌာနမှ မန်နေဂျာ ဦးဖေသက်ပိုင်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး Managing Director ဦးမြင့်သိန်း ကိုယ်စာ Chief Financial Officer ဒေါ်ဖြူလင်းမြင့် မှ Aung Gabar Group Of Companies သမိုင်းကြောင်းနှင့် ဆန်၊ ဆီ၊ဆား ထောက်ပံ့လှူဒါန်းရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကုမ္ပဏီတာဝန်ရှိလူကြီးမင်းများ နှင့် ဝန်ထမ်းများစုပေါင်း၍အမှတ်တရဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ဌာနအသီးသီးမှ ခေါင်းဆောင်များက ဝန်ထမ်းတဦးချင်းစီကို ဆန်၊ ဆီ ၊ဆား များ ပေးအပ်လှူဒါန်းကြရာ အိမ်ထောင်သည် ဝန်ထမ်းတဦးလျှင် ဆန် ၁၅ ပြည်၊ ပဲဆီ နှစ်ပိဿာ၊ ဆားနှစ်ထုတ်၊ လူလွတ်ဝန်ထမ်းတဦးလျှင် ဆန် ၁၀ ပြည်၊ ပဲဆီ နှစ်ပိဿာ၊ ဆားနှစ်ထုတ်၊ နေ့စားဝန်ထမ်းတဦးလျှင် ဆန် ၅ ပြည်၊ ပဲဆီ တပိဿာ၊ ဆားတထုတ်နှုန်းဖြင့် အသီးသီး ရရှိကြသည်။
ခက်ခဲနေသည့်ကာလတွင် ယခုကဲ့သို့ လှူဒါန်းထောက်ပံ့ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် အင်မတန်ဝမ်းသာပီတိဖြစ်ကြပြီး လှူဒါန်းထောက်ပံ့သည် Managing Director ဦးမြင့်သိန်း နှင့် မိသားစုကိုလည်း ဆုတောင်းမေတ္တာများပို့သလျက် ရှိကြသည်။
အစီအစဥ် နောက်ဆုံး၌ တက်ရောက်လာကြသော တာဝန်ရှိလူကြီးမင်းများနှင့် ဝန်ထမ်းများစုပေါင်း၍ "အောင်ကမ္ဘာကုမ္ပဏီ တိုးတက်အောင်မြင်ပါစေ" ဟု သုံးကြိမ် သုံးခါ ကြွေးကြော်ကြပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။