Aung Gabar
HomeAbout Us
Products
Business
Contact UsNews & Events
Aung Gabar Company Limited

Discover the excellence of our manufacturing expertise with premium pipe and fiberglass products, and explore a diverse range of imported lubricants, cars, lifts, and fertilizers for unmatched quality and performance.

Join Our Social Community
Contact Us
Phone
Yangon Office : 
013682763 , 
013684346 , 
095159988 , 
0943164323 , 
09799992912
Mandalay Office : 
024032442 , 
024023709 , 
024024002 , 
092033118 , 
095171000
Email
sale-mkt.agblubricant@aunggabar.com
sale-mkt@aunggabar.com
Location
Yangon Office  : AUNG GABAR CO.,LTD. No.101/1,Thwin Thin Teik Wun U Tun Nyo Road, Hlaing Tharyar Township, Yangon
Mandalay Office  : AUNG GABAR CO.,LTD. No.177, Bet 34th & 35th St. 82nd St, Mandalay
Links
About UsProductsBusinessContact UsNews & Events

Copyright © 2023 Aunggabar. All rights reserved.

main

Aung Gabar Company's activities and news scenes will be collected and presented. We invite you to watch and enjoy the information and exciting activities.

Home

News & Events

Latest News

သာဓုအနုမောဒနာခေါ်ဆိုနိုင်စေရန် မှတ်တမ်းပြုခြင်း

Apr 22, 2025

မြန်မာ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းရောက်ရှိပြီးနောက် အောင်ကမ္ဘာ ကုမ္ပဏီ၏ ပထမဆုံး ရုံးဖွင့်ရက်ဖြစ်သော ယနေ့ ( ၂၂ ရက် ဧပြီလ )တွင်  မြန်မာ့ရိုးရာအစဥ်အလာနှင့် အညီ နှစ်ဦးနှစ်ဖျားမှစ၍ တစ်နှစ်တာပတ်လုံးမင်္ဂလာရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ကုမ္ပဏီနှင့် စက်ရုံ အဆောက်အဦးနေရာများသို့ ပင့်ဖိတ်၍ ပရိတ်တရားတော်များနာယူပူဇော်ကြသည်။ ထို့ပြင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဒံပေါက်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကိုလည်း ဆပ်ကပ်လှူဒါန်၍ ရေစက်ချတရားနာယူကြသည်။

 

နေ့လည်ပိုင်းတွင် ကုမ္ပဏီနှင့် စက်ရုံဝန်ထမ်များကို နေလည့်စာအဖြစ် ဒံပေါက်နှင့် အအေးများကို လှူဒါန်းကျွေးမွေးသည်။

 

ယခုကဲ့သို့ ဆရာတော် သံဃာတော်အရှင်သူမြတ်များကို ပင့်ဖိတ်၍ ပရိတ်တရားပွဲကျင်းပခြင်း၊ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကို လှူဒါန်းခြင်း၊ ကုမ္ပဏီနှင့် စက်ရုံ ဝန်ထမ်းများအား နေ့လည်စာ ကျွေးမွေးလှူဒါန်းခြင်း အစရှိသည့် ကောင်းမှုကုသိုလ်အစုစုကို ပြုလုပ်ပေးပါသော ဆရာဦးမြင့်သိန်းမိသားစု ကျန်းမာပါစေ ။ ချမ်းသာပါစေ။ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ။ အောင်ကမ္ဘာကုမ္ပဏီလည်း ဘေးရန်ကင်းရှင်း၍ ပိုမိုတိုးတက်အောင်မြင်ပါစေ။ မြင်အပ် မမြင်အပ်ပုဂ္ဂိုလ်တို့မှစ၍ ခုနှစ်ရပ်သားသမီး ပုဂ္ဂိုလ် သတ္တဝါအပေါင်း ယနေ့ပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်အစုစုအား သာဓု ခေါ်ဆိုနိုင်ရန် မှတ်တမ်းပြုလိုက်ပါသည်။

 

Read More

မြန်မာ့ရိုးရာအတာသင်္ကြန်အကြို ကောင်းမှုကုသိုလ်ပြုခြင်း

Apr 11, 2025

အောင်ကမ္ဘာကုမ္ပဏီ  ဝန်ထမ်းများအား သင်္ကြန်မုန့်ဖိုးပေးခြင်း၊ ဝန်ထမ်းများ၏ မိဘများဖြစ်ကြသည့် အသက် ၇၀ နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် နှစ်သစ်ကူး သင်္ကြန်ကာလ ဂါရဝပြု ကန်တော့ငွေပေးအပ်ခြင်း ( ကုမ္ပဏီအနီးအနားမှာ နေထိုင်သည့် ဝန်ထမ်းများ၏ သက်ကြီးဘိုးဘွားများကို HR /Admin မန်နေဂျာမှ အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခြင်း)၊ ဝန်ထမ်းများ၏ အသက် ၁၂ နှစ်အောက် ကလေးငယ်များအတွက် သင်္ကြန်မုန့်ဖိုးပေးခြင်းများကို ယနေ့ နေ့လည်ပိုင်းကစ၍ အစီအစဥ်တကျ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

 

ယခုကဲ့သို့ လှူဒါန်းပေးကမ်းသည့် အတွက်လည်း ဆရာဦးမြင့်သိန်းနှင့် မိသားစုကို ဝန်ထမ်းများအားလုံးက ကျေးဇူတင်ဝမ်းမြောက်နေကြပုံမြင်ကွင်းများကို  မှတ်တမ်းဓာတ်ပုံများကြည့်ရှု့ပါက အထင်းသား တွေ့မြင်ရမှာဖြစ်ပါသည်။ ဝန်ထမ်းများသာမက ၎င်းတို့၏ သက်ကြီးမိဘများပါ ဝမ်းသာမျက်ရည်များ ကျခဲ့ကြသည်ကို မှတ်တမ်းဓာတ်ပုံအချို့မှာ တွေ့မြင်ရမှာဖြစ်ပါသည်။

Read More