Aung Gabar Company's activities and news scenes will be collected and presented. We invite you to watch and enjoy the information and exciting activities.
News & Events
အောင်ကမ္ဘာကုမ္ပဏီရဲ့ နှစ်စဉ် ကျင်းပမြဲ ဖြစ်တဲ့ သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော် နာယူခြင်းနဲ့ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို မင်္ဂလာရှိစွာ ကျင်းပပြီးစီးခဲ့ပါတယ်။
"ဝါဆိုသင်္ကန်း" ဆိုသည်မှာ သံဃာတော် အရှင်သူမြတ်များ ဝါတွင်းသုံးလပတ်လုံး သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်ဖြင့် အေးချမ်းစွာ တရားဓမ္မ ကျင့်ကြံပွားများနိုင်ရန်နဲ့ သင်္ကန်းခက်ခဲပင်ပန်းမှု မရှိစေရန်အတွက် အလွန်ပင် အရေးပါပြီး အကျိုးကျေးဇူးကြီးမားလှသည့် အလှူတော်တစ်ခု ဖြစ်ပါတယ်။
အခုလို ထူးမြတ်လှတဲ့ ဝါဆိုသင်္ကန်းများကို သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြသလို၊ ကုမ္ပဏီမိသားစုဝင် ဝန်ထမ်းအားလုံးကိုလည်း နေ့လယ်စာအဖြစ် ဒံပေါက်နဲ့ အအေးများ ဝေငှကျွေးမွေး လှူဒါန်းခဲ့ကြပါတယ်။
ယနေ့ပြုလုပ်ခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို မြင်တွေ့ရသူ အပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အားလုံးပဲ သာဓု ခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ပါတယ်။