Apr 11, 2025
အောင်ကမ္ဘာကုမ္ပဏီ ဝန်ထမ်းများအား သင်္ကြန်မုန့်ဖိုးပေးခြင်း၊ ဝန်ထမ်းများ၏ မိဘများဖြစ်ကြသည့် အသက် ၇၀ နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် နှစ်သစ်ကူး သင်္ကြန်ကာလ ဂါရဝပြု ကန်တော့ငွေပေးအပ်ခြင်း ( ကုမ္ပဏီအနီးအနားမှာ နေထိုင်သည့် ဝန်ထမ်းများ၏ သက်ကြီးဘိုးဘွားများကို HR /Admin မန်နေဂျာမှ အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခြင်း)၊ ဝန်ထမ်းများ၏ အသက် ၁၂ နှစ်အောက် ကလေးငယ်များအတွက် သင်္ကြန်မုန့်ဖိုးပေးခြင်းများကို ယနေ့ နေ့လည်ပိုင်းကစ၍ အစီအစဥ်တကျ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ယခုကဲ့သို့ လှူဒါန်းပေးကမ်းသည့် အတွက်လည်း ဆရာဦးမြင့်သိန်းနှင့် မိသားစုကို ဝန်ထမ်းများအားလုံးက ကျေးဇူတင်ဝမ်းမြောက်နေကြပုံမြင်ကွင်းများကို မှတ်တမ်းဓာတ်ပုံများကြည့်ရှု့ပါက အထင်းသား တွေ့မြင်ရမှာဖြစ်ပါသည်။ ဝန်ထမ်းများသာမက ၎င်းတို့၏ သက်ကြီးမိဘများပါ ဝမ်းသာမျက်ရည်များ ကျခဲ့ကြသည်ကို မှတ်တမ်းဓာတ်ပုံအချို့မှာ တွေ့မြင်ရမှာဖြစ်ပါသည်။